Monday, February 25, 2013

Masterpiece


Borad Sustainable Building အမည်ရ company ကို တည်ထောင်သူ ကျန်းယု (Zhang Yue) အား သာမန်လူတစ်ယောက်အဖြစ် သတ်မှတ်လို့ မရနိုင်ပါ။ သာမန် သူလိုငါလို လူတစ်ယောက် ဆိုလျင် ပေ ၁၃၀ မြင့်တဲ့ အီဂျစ် ပစ်ရမတ်ပုံတူ အဆောက်အဦကြီးကို ဟူနန်ပြည်နယ်မှာ ဆောက်ပြီး လုပ်ငန်းရဲ့ corporate campus လုပ်ပြီး နေမှာ မဟုတ်ပါ။ သာမန်လူ သာမန် အတွေး အခေါ်ရှိတဲ့ သူဆိုရင် air-condition တွေကို အဓိကထားထုပ်လုပ်နေတဲ့ company ကို နည်းပညာ အသစ်အဆန်းတွေသုံးပြီး မိုးထိမြင့်တဲ့ တိုက်တွေဆောက်တဲ့ လုပ်ငန်းဆီသို့ ဦးဆောင်လမ်းပြမည် မဟုတ်ပါ။ သာမန်လူ ဆိုလျင် မိုးထိမြင့်တဲ့ အဆောက်အဦးတွေကို လူ့သမိုင်းတလျောက်လုံး ဘယ်သူမှမလုပ်နိုင်ခဲ့ဘူးတဲ့ အမြန်နှုန်းနဲ့ ဆောက်လိမ့်မည် မဟုတ်ပါ။ 

No comments:

Post a Comment