Monday, February 25, 2013

BIM (Building Information Modeling) မိတ်ဆက်



အခုအချိန်တွင် BIM ဆိုတဲ့ စကားလုံးကို ဆောက်လုပ်ရေးလောကမှာ အတော်များများ ပြောသံဆိုသံတွေ ကြားလာကြတယ်။ ဒါကြောင့် BIM ဘာကြီးမှန်း သိဖို့နဲ့ ဘယ်သူတွေက ဘယ်ကိစ္စတွေမှာ သုံးနေတယ် သုံးကြတယ် ဆိုတာကို အတိအကျသိဖို့ လိုပါလိမ့်မယ်။

တစ်ချို့က BIM သည် software တစ်မျိုးလို့ပြောတယ်။ တစ်ချို့က BIM သည် အဆောက်အဦးတွေရဲ့ 3D model လို့ဆိုကြပြန်တယ်။ တစ်ခြားလူတွေက BIM ဆိုတာ အဆောက်အဦးနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အကုန်လုံးကို သေသေခြာစုဆောင်း ပေးနိုင်တဲ့ လုပ်ငန်းစဉ် တစ်ခုလို့ ရှုင်းပြကြပြန်တယ်။ တစ်ကယ်တော့ BIM ဆိုတာ ခုနကပြောခဲ့တဲ့ အကြောင်းအရာတွေ အကုန်လုံးထက် အများကြီးကိုပိုသ ပြီးလုပ်ဆောင်ပေးနိုင် ပါသေးတယ်။ 

သာမန်လူတစ်​ေယာက်၊ ဆောက်လုပ်ရေးလောက ပြင်ပကလူတစ်ယောက် နားလည်အောင် ရှင်းပြရရင် BIM ဆိုတာဖြစ်လာဖို့ အတွက် digital 3D model ကို စပြီးတည်ဆောက်ရတယ်။ အဲဒီ model က သာမန် 3D model ထက်ပိုပြီး အခက်အလက်တွေကို ထည့်သွင်း ဖေါ်ပြတယ်။ ဆိုကြပါစို့ လှပပြီး စိတ်ဝင်စား စရာကောင်းတဲ့ နံရံတွေရဲ့ ဆေးရောင်တွေ၊ texture တွေ ကိုတစ်ပါတည်း ထည့်သွင်းဖေါ်ပြလို့ရပါတယ်။

BIM model တစ်ခု ဖြစ်လာဖို့ဆိုရင် တစ်ကယ့်အဆောက်အဦးမှာ ပါတယ့် စိတ်အပိုင်းတွေ အကုန်ကို virtual model အနေနဲ့ ဆဲွရတယ်။ တစ်နည်းအားဖြင့်ဆိုရရင် BIM ဟာ တစ်ကယ့် အဆောက်အဦးရဲ့ intelligent digital prototype ဖြစ်တယ်။ သူ့မှာ နံရံတွေ၊ တိုင်တွေ၊ ပြတင်းပေါက်တွေ၊ လှေခါးတွေ အကုန်ပါတယ်။ 

BIM ကို အသုံးပြုပြီး အဆောက်အဦးတစ်လုံးကို မဆောက်ခင်တည်းက သူ့ရဲ့စွမ်းဆောင်နီုင်မှုကို ကြိုတင်တွက်ချက်လို့ရတယ်။ နေပူတဲ့နေမှာ အိမ်ထဲကလူတွေ ဘယ်လိုခံစားရမယ်။ မိုး ဘယ်ဖက်က ပက်မယ်။ လေ ဘယ်ကတိုက်မယ် စတာတွေ အကုန်ကြိုတင်တွက်ချက်လို့ရတယ်။ 

ဒါဆို BIM model က ဘာတေွ အတွက် အသုံးဝင်မယ် ဘယ်နေရာမှာ အသုံးချလို့ရတယ် ဆိုတာကို နည်းနည်းပိုပြီး တိတိကျကျ ပြောကြည့်ကြရအောင်။

1. 3D Visualization
ဒါပေါ့ BIM ရဲ့ အနိမ့်ဆုံး အဆင့်အသုံးပြုပုံက တစ်ကယ်ဆောက်တော့မယ့် အဆောက်အဦးကို 3D model တစ်ခုလုပ်ပြီး ဆောက်ပြီးတဲ့အခု ဘယ်လိုမျိုးဖြစ်လာမယ်ဆိုတာကို ကြိုတင်ပုံဖေါ်ကြည်တာပေါ့။ ဒီနည်းနဲ့ အဆောက်အဦး design ရဲ့ ဖြစ်နိုင်ခြေအမျိုးမျိုးထဲက အကောင်းဆုံး ပုံစံကို ရွေးချယ်ပြီး Client ဒါမှ မဟုတ်၊ လူထူ အလွယ်တစ်ကူ နားလည်စေနိင်အောင် ပြသခွင့်ရတယ်။

2. Change Management
အချက်အလက်တွေ အားလုံးကို BIM model ထဲမှာ ထည့်သွင်းထားတာကြောင့် 
အဆောက်အဦး design ကို အပြောင်းအလဲ တစ်ခုခုလုပ်လိုက်တာနဲ့ သူနဲ့သက်ဆိုင်တဲ့ Floor Plan, Elevation နဲ့ Section တွေကို အလိုလျောက် Update လုပ်သွားမှာ ဖြစ်ပါတယ်။ ဒါဟာ ရုံးလုပ်ငန်း စာရွက်စာတမ်း ကိစ္စကို မြန်ဆန်စေရုံမကပဲ၊ Design အသစ်ကြောင့် ဖြစ်လာတဲ့ အပြောင်းအလဲကို ဘက်စုံထောင့်စုံက ကြည့်မြင်လို့ရတဲ့ အတွက် အဖွဲ့အစည်းအခြင်းခြင်း ပူးပေါင်းဆောင်ရွက်မှုကို ချောမွေ့စေနိုင်တဲ့ အပြင် အဆင့်မြင့်တဲ့ အရည်အသွေး မြင့်မားတဲ့ အဆောက်အဦးတစ်ခု အချိန်တိုအတွင်း သက်တောင့်သက်သာ ကုန်ကျစရိတ် နည်းနည်းနဲ့ ဆောက်လုပ်နိုင်အောင် ဆောင်ကျဉ်းပေး နိုင်မယ့် နည်းပညာဖြစ်ပါတယ်။

3. Building Simulation
BIM model မှာ ဗိသုကာပညာရပ်နဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ အပြင် အခြားအခြားသော အဆောက်အဦးနဲ့ ပတ်သက်တဲ့ Engineer ပညာတွေပါ တစ်ပူးတစ်ပေါင်းတည်း ထည့်သွင်းပြသရတယ်။ Structural model ၊ Mechanical, Electrical and Piping (MEP) model ကို တစ်ပါတည်း ဖေါ်ပြတယ်။ အဲဒီနောက်မှာတော့ သူတို့ရဲ့ လုပ်ဆောင်ချက်၊ စွမ်းဆောင်ရည်။ ဖြစ်လာနိုင်တဲ့ အခြေအနေ တွေအပြင် Sustainability ကို တွက်ချက်နိုင်တယ်။

No comments:

Post a Comment